သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

သရက် စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မနက် (၁၀)နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ခရိုင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဉက္ကဦးတင်မျိုးလတ်က ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်မှ ပြန်လာသူများကို အ.ထ.က(၁) ရှိ  အသွားအလာ ကန့်သတ် ထားရှိသည့်နေရာတွင် (၁၄)ရက်ကြာနေထိုင်စေရန်၊ စက်တင်ဘာ(၁၄)ရက်နေ့မှ စတင်၍ စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များအား ပါဆယ်စနစ်သာရောင်းချစေရန်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်က ည(၁၂)မှ နံနက်(၄)နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ရန် တို့ကို ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်ရွှေအောင်က ကိုဗစ်-၁၉ ရောဂါသည် ကျန်းမာရေးဝန်ထမ်းများသာမက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထန်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်မှ သာရောဂါကို ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ ယခုကာလတွင် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် စစ်ဆေး ခြင်းများကို မိမိအစီအစဉ်ဖြင့်ကျခံသွားရမည်ဖြစ်ပြီး ဝန်ထမ်း များဖြစ်ခဲ့ပါက အခမဲ့ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌနှင့် ယာဉ်ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ တို့က ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားပြည်သူများအတွက် တင်ပြဆွေးနွေးခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးမှ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(ပြန်/ဆက်)