မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် စစ်ဆေးရေး ဂိတ်များ ပြန်လည် ဖွင့်လှစ်

မိုင်းနောင် စက်တင်ဘာ  ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် မြို့ဝင်/မြို့ထွက်များတွင် ကျန်းမာရေး စစ်ဆေး ဂိတ်များကို ယမန်နေ့တွင်ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ထိုသို့ ဖွင့်လှစ်ရာတွင် လဲချား၊ ကျေးသီး၊ မိုင်းနောင် လမ်းဆုံနှင့် မိုင်းရှူး၊ မိုင်းနောင်၊ ခိုလမ် လမ်းဆုံများတွင် ဖွင့်လှစ်၍သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း အဖွဲ့သည် ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ခရီးသွား ရာဇဝင်နှင့် ထောက်ခံချက်များ ပါ/မပါ စစ်ဆေးခြင်း ၊ခရီးသွား မှတ်တမ်းရယူခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

မိုင်းနောင်(ပြန်/ဆက်)