နမ့်စန်(တ) စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် ၉ နာရီခွဲတွင် မြို့နယ် ပြည်သူ့ ဆေးရုံသို့ သောက်ရေသန့်ဘူးများ သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင် နှင့်ရဲတပ်ဖွဲ့ဝင်များက မြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေကြသော လူနာများနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူများအတွက် သောက်ရေသန့်ဘူးကြီး၊ ဘူးသေး စုစုပေါင်းသောက်ရေသန့်လီတာ ၁၅၀၀ ကို သွားရောက်လှူဒါန်းပေးခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်နိုင်ဦး က လက်ခံရယူခဲ့ကြောင်း သိရသည်။
သူရအောင် (ပြန်/ဆက်)