ရန်ကုန် စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်နှင့် မြို့နယ်သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ယမန်နေ့ နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးသိန်းသန်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ တာဝန်ရှိယူဆောင်ရွက်နေ သည့် မိုးရာသီကာလတွင် ရှင်သန်လာသော မြက်များအား ရှင်းလင်းခြင်း၊အလေ့ကျခြုံနွယ်ပင်များ ရှင်းလင်းခြင်း၊ လမ်းလယ်ကျွန်းနှင့်လမ်းဆုံများရှိ တြိဂံကျွန်းများမှ အလှပန်းပင်များ ရှင်းလင်း ရိတ်ဖြတ် ပုံသွင်းခြင်းများ ဆောင်ရွက်နေသည့် လုပ်ငန်းနှင့်မြို့နယ်ရေစီး ရေလာစီမံခန့်မှုလုပ်ငန်း တာဝန်ခံ အဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက်ရှိသော မင်းကြီးလမ်းဘေး၊ တောင်သူကုန်းရပ်ကွက် အပိုင်တွင် ကျန်းမာ ရေးလေ့ကျင့်ပစ္စည်းများ တပ်ဆင်ပြီး ကွန်ကရိလောင်းရန် ပြင်ဆင်နေသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် သက်ဆိုင်ရာ ဌာနဆိုင်ရာ များ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)