မြို့သစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ပန်းအလှပင်နှင့် အရိပ်ရသစ်ပင်များစိုက်ပျိုး
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်အတွက် ပန်းအလှပင်နှင့်အရိပ်ရသစ်ပင်များစိုက်ပျိုးခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၏ဦးဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။