တံတားဦး ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင်မိုးသီးနှံဖြစ်သော ပဲမြစ်စိုက်ခင်းများ အောင်မြင်ထွန်းလျက်ရှိကြောင်းသိရသည်။
ပဲမြစ်စိုက်ပျိုးရန်အတွက် မြေကိုထယ်ရေးနက်နက်ထွန်ယက်ပြီး ညီညာပြန့်ပြူးအောင်ပြုပြင် ပေးရကြောင်း၊ ထို့နောက် ထွန်ဖြင့်လေးကွက်ချကြောင်းပေး စိုက်ပျိုးရကြောင်း၊ ပဲမြစ်မျိူးစေ့(၁၆)ပြည် တစ်တင်းလျှင် ငွေကျပ် ၁၇၃၀၀၀ ပေးဝယ်ရကြောင်း၊ ပဲမြစ်အပင်ပေါက်ပြီး တစ်လကြာလျှင် ပေါင်းမြက် ရှင်းပေးရကြောင်း၊ ရေလိုအပ်လျှင် ရေသွင်းပြီး ပုလဲဓာတ်မြေဩဇာ ကြဲပက်ပေးရကြောင်း ပဲမြစ်ကို တန်ဆောင်မုန်းလဆန်းပိုင်းတွင် စတင်တူးဖော်ပြီး ပေါ်ဦးပေါ်ဖျား ပဲမြစ်တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ ကျော်ြဖင့် ရောင်းချရကြောင်း၊ အချို့တောင်သူများသည် အခင်းပြတ် တစ်ဧကလျှင် ငွေကျပ် သိန်း၂၀ကျော်ဖြင့် ရောင်းချကြောင်း ပဲမြစ်စိုက် တောင်သူ ဦးပေါသိန်း ထံမှသိရသည်။
ပဲမြစ်သည် တောင်သူများအတွက် ဝင်ငွေရရှိသကဲ့သို့ တိရစ္ဆာန်များအတွက် နွားစာရရှိကြောင်း၊ ပဲမြစ် စိုက်ပျိုးခြင်းဖြင့် တောင်သူများအတွက် ဝင်ငွေကောင်းပြီး အကျိုးမြတ်များခြင်းကြောင့် စိုက်ပျိုးကြကြောင်း သိရသည်။ တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ပဲမြစ်စိုက်ပျိုးရန်၂၁၄၅ဧကလျာထားစိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရဲတင့်( ပြန်/ဆက်)