ရွှေကျင်မြို့နယ် အခြေခံပညာအထက်တန်း(ရွှေကျင်)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်အသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁)နာရီအချိန်က ဂန့်ဂေါ်ဝိုင်းရပ်ကွက် အခြေခံပညာအထက်တန်း(ရွှေကျင်)ကျောင်း ပညာရတနာခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။