ဥပဒေဘောင်အတွင်းသို့ အလင်းဝင်ရောက်လာသူများအား လက်ခံကြိုဆိုခြင်းနှင့် ဆုကြေးငွေချီးမြှင့်ပေးအပ်ပွဲ ကျင်းပ

PDF အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းအတွင်း ရောက်ရှိနေသူများမှ လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာသူများအား လက်ခံကြိုဆိုခြင်းနှင့် ဆုကြေးငွေချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ပခုက္ကူမြို့၊ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်၊ ရဲတံခွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မမှူး ဗိုလ်မှူးကြီး ဇော်မင်းထက်၊ ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ အလင်းဝင်ရောက်လာသူ PDF သင်တန်းဆင်းလူငယ် ၁၄ ဦးနှင့်  အုပ်ထိန်းသူများ တက်ရောက်ကြသည်။

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြစိမ်းရောင် (အသားကဏ္ဍ) နို့စားနွားမွေးမြူသူအစုအဖွဲ့တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံပညာကျောင်းများတွင် နွားနို့တိုက်ကျွေးရေးအခမ်းအနားဖွင့်ပွဲ ကျင်းပ

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြစိမ်းရောင် (အသားကဏ္ဍ) နို့စားနွားမွေးမြူသူအစုအဖွဲ့တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံပညာကျောင်းများတွင် နွားနို့တိုက်ကျွေးရေးအခမ်းအနားဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး‌ မွေးမြူရေးအထက်တန်းကျောင်း (အေးသာယာ)၊ စိန်ပန်းပြာခန်းမ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် MSME ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊  ဥတ္တရသီရိမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် MSME ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဟဲဟိုးမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက က‌လောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် ဩဂုတ်လ (၁၂)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့‌ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တုံတာ-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး ကတ္တရာကွန်ကရစ်(AC) လမ်းပုခုံးပဲ့ကျမှုနှင့် လမ်းသားပဲ့ကျမှုများခဲ့သည့် တုံတာမြို့တွင်းလမ်းပြုပြင်နေမှုအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ လာရောက်ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့သို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် အဖွဲ့မှ ယမန်နေ့နံနက် ၉ နာရီ ၅ မိနစ်အချိန်တွင် ရောက်ရှိလာပြီး  တုံတာ-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး  ရဲစခန်းအရှေ့ဘက် ကိုက်(၁၀၀)ခန့်အကွာ ခန့်မှန်းမြေပုံအညွှန်း (ND.314411) မိုင်တိုင်အမှတ် KM 577- KM 577.5 ကြားတွင် နမ့်စင်ချောင်းရေတိုက်စားမှုကြောင့် တုံတာ-ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမကြီး ညာဘက်ခြမ်း ကတ္တရာလမ်းရေတိုက်စား၍ လမ်းပခုံးမြေသားပဲ့ကြသွားခြင်းနှင့် ပတ်သက်၍ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း နှံကောက်နွေစပါးစံကွက်ရိတ်သိမ်းပွဲနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌ရေး ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၆၇၁ ကွင်းအတွင်းရှိ တောင်သူ ဦးအောင်ဇော်ဦး ၏ နှံကောက်နွေစပါး စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါလယ်၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ ဒက္ခိဏသီရိမြို့နယ် စိုက်ကြပ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်သည်။

ရေတာရှည်မြို့၌ စက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းကို ယနေ့နံနက်ပိုင်းက ရေတာရှည်မြို့၊ မဟာဝိသုတာရာမ နတ်ရေတွင်းကျောင်းတိုက်တွင် ကျင်းပသည်။

အုတ်တွင်းမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ဥပဒေရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်း (အုတ်တွင်း)ကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့သည်။

သာကေတမြို့နယ် လူငယ်စင်တာတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ဖိုရမ်သို့တက်ရောက်မည့် လူငယ်များနှင့်တွေ့ဆုံပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၉)ရပ်ကွက် အတွင်းရှုခင်းသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ဖိုရမ်သို့ တက်ရောက်မည့် လူငယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to