မြို့သစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ပန်းအလှပင်နှင့် အရိပ်ရသစ်ပင်များစိုက်ပျိုး

မြို့သစ် သြဂုတ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်အတွက် ပန်းအလှပင်နှင့်အရိပ်ရသစ်ပင်များစိုက်ပျိုးခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၏ဦးဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပန်းအလှပင်များစိုက်ပျိုးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများက မြို့အဝင်ဆိုင်းဘုတ်နှင့် မြို့ဦးလမ်း၊ လွတ်လပ်ရေးပန်းခြံရှေ့တို့တွင် ပန်းအလှပင်များဖြစ်သည့် ဗိုလ်ကတော်ပင်များ စိုက်ပျိုးခြင်း၊ စိုက်ပျိုးပြီးအပင်များ ရှင်သန်မှုရှိစေရန်အဖွဲ့ပိုင်ရေသယ်မော်တော်ယာဉ်ဖြင့် ရေလောင်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးအတွက် ပန်းအလှပင်များစိုက်ပျိုးခြင်း၊ အရိပ်ရအပင်များစိုက်ပျိုးခြင်းနှင့် အတူဒေသခံပြည်သူတို့၏ ကျန်းမာရေးနှင့်ညီညွတ်စေရန် မြို့ပေါ်ရှိဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်နေပြည်သူများ၏ စွန့်ပစ်ပစ္စည်းများအား အမှိုက်သိမ်းမော်တော်ယာဥ်ဖြင့်နေ့စဉ် သိမ်းဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူတစ်ဦးထံက သိရသည်။

သန်းဝင်းထွန်း ( ပြန်ဆက် )