ကျွန်းလှမြို့နယ်၌ အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

ကျွန်းလှ ဩဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြှင့်မားစေရန်၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၂၉) သင်း၊ အားကစားသမား (၁၀၄) ဦးဖြင့် ဩဂုတ် ၅ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းက ပြောသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြကြောင်း သိရသည်။

မျိုးဝင်းညို(ပြန်/ဆက်)