ထန်းတပင်မြို့နယ်၌ စစ်တောင်းမြစ်ရေများ ပြန်လည်ကျဆင်းသွားခြင်းကြောင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် စစ်တောင်းမြစ်ရေများ ပြန်လည်ကျဆင်းသွားခြင်းကြောင့် ယနေ့နံနက်ပိုင်းမှစတင်၍ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့်အခြေခံစားသောက်ကုန်များ ပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသအတွင်း ပြန်လည်ဝင်ရောက်နေထိုင်သည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား စနစ်တကျပြန်လည်နေရာချထား၍ လိုအပ်သည့်အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအဆင်ပြေစေရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက လွိုင်ကော်မြို့၊ မှုံပြာကျေးရွာသို့သွားရောက်ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် တွေ့ဆုံသည်။

ပေါင်းတည်၌ ၁၈နှစ်ပြည့်ပြီးသူများ ဥပဒေအရ ကိုင်ဆောင်သင့်သည့်ကတ်တစ်မျိုးမျိုးပြုလုပ်ရန် မကျန်ရှိစေရေး ညှိနှိုင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နတ်တလင်းခရိုင်ရုံးက အိမ်ထောင်စုလူဦးရေစာရင်းနှင့် ၁၈နှစ်ပြည့်ပြီးသူများ ဥပဒေအရ ကိုင်ဆောင်သင့်သည့်ကတ်တစ်မျိုးမျိုးပြုလုပ်ရန် မကျန်ရှိစေရေးနှင့် အမြန်စာရင်းကောက်ယူပြုစုနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ကျောက်တန်းမြို့နယ်တွင် Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာပေးသင်တန်း ဖွင့်လှစ်

ကျောက်တန်းမြို့နယ်တွင် Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာပေးသင်တန်း ဖွင့်လှစ် ‎ကျောက်တန်း သြဂုတ် ၄ နေလင်းကျော် (ပြန်/ဆက်)

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ် ဒလ ဩဂုတ် ၄ ဒလ (ပြန်/ဆက်)

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကြက်ခြေနီအခြေခံသင်တန်း အမှတ်စဉ်(၁) ဖွင့်လှစ်

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ကြက်ခြေနီအခြေခံသင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအာကစားခန်းမတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊  ပါမောက္ခဌာနမှူများ၊ သင်တန်သား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ကြံခင်းမြို့၌ Online မှတစ်ဆင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရဲစခန်းမှူး ဦးဆောင်၍ ယမန်နေ့ မွန်းလွဲပိုင်းမှစ၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မရပ်ကွက်၊ ရွှေတောင်စုရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးရုံများ၌ အများပြည်သူများ online မှတစ်ဆင့် လိမ်လည်ခံရမှုမရှိစေရေး ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးနှင့် မှုူခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးမှူး ကျုံပျော်မြို့နယ် ကျွန်းရွှေဝါဘဲမွေးမြူရေးလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနဦးစီးမှူး ဦးကျော်စိုးမင်းသည် ကျုံပျော်မြို့နယ် အင်းရဲကျွန်း‌ကျေးရွာအုပ်စု ကျွန်းရွှေဝါ ဘမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို ယနေ့တွင်ဆက်လက်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မိုးကောင်းမြို့၌ သဘာဝဘေးအန္တရာယ် ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်‌လေ့ကျင့်သရုပ်ပြ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ သဘာဝဘေးအန္တရာယ် ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို မိုးကောင်းနန့်ယင်းချောင်း We Love Mogaung View Point ကမ်းစပ်၌ ယနေ့နံနက် (၉) နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to