မိုင်းယောင်း ဩဂုတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက ဟောပြောပွဲ ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းနှင့် လူငယ်နှင့်မျိုးချစ်စိတ်အကြောင်းကို ဟောပြောသည်။
ထို့နောက် ရုပ်သံကျွမ်းကျင်(၃) ဒေါ်နန်းစီဖေါင်းက စာအုပ်စာပေလူ့မိတ်ဆွေအကြောင်းနှင့် လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးအကြောင်းကိုလည်းကောင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က ပညာရွှေအိုးလူမခိုးအကြောင်းနှင့် လူငယ်နှင့်ကျန်းမာရေးအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောပြီး လူငယ်ရေးရာဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ဝေဝေခိုင်(ပြန်/ဆက်)