ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအစဉ်ဖြင့်စက်ရုံ၊အလုပ်ရုံများတွင် ကွင်းဆင်းစစ်ဆေး

ကော့သောင်း၊  စက်တင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်ဖြင့် ကော့သောင်း မြိုနယ်အတွင်း လူနေထူထပ်သော စက်ရုံအလုပ်ရုံများတွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေး ဝန်ကြီးဌာန၏ညွှန်ကြားချက်များအတိုင်း လိုက်နာမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှုကို ယမန်နေ့ နံနက်ပိုင်း ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်မှုများကြောင့်မြို့နယ်အတွင်းရှိ လူစုလူဝေးနေရာများဖြစ်ကြသည့် စက်ရုံ၊ အလုပ်ရုံများတွင် နှာခေါင်းစည်း(Mask)များတပ်ဆင်လာ၍ ရောဂါကူးစက်ပြန့်ပွားမှုများမရှိစေရန် ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ကျန်းမာရေး အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများ၊ ဝပ်ရှော့လုပ်ရုံများ၊ သောက်ရေသန့် စက်ရုံများ အခြားအိမ်တွင်းအလုပ်ရုံများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊အလုပ်ရုံနှင့် အလုပ်သမားဥပဒေ  စစ်ဆေးရေး ဦးစီးဌာန ၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ အဖွဲ့များ ဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ် ပြီး ကျန်းမာရေးဝန်ကြီးဌာ၏လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိပါကအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)