မြစ်သားမြို့၌ သိုလှောင်ရုံ၌ထားရှိသည့် အရေးပေါ်ရိက္ခာစားဆီများအားစစ်ဆေး

မြစ်သား ဩဂုတ်  ၂၁

နိုင်ငံတော်အစိုးရဝယ်ယူသည့် နိုင်ငံတော်အရေးပေါ်ရိက္ခာဆီပုံး (၂၈၂၀ )ပုံးကို  မြစ်သားမြို့နယ် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန သိုလှောင်ရုံ၌ ယမန်နေ့နံနက် (၁၀)နာရီက  မြို့နယ်သိုလှောင်မှု ကြီးကြပ်ရေးအဖွဲ့များက  သွားရောက် စစ်ဆေး ခဲ့ကြောင်းသိရသည်။

အရေးပေါ်ရိက္ခာစားအုန်းဆီများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြစ်သားမြို့နယ်တွင် အရေးပေါ် ရိက္ခာစားဆီများကို မြို့နယ်သိုလှောင်ရုံ ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းကာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု မြင့်မားခဲ့ပါက ပြည်သူလူထုစားနပ်ရိက္ခာ အဆင်ပြေစေရန် အတွက် အရေးပေါ်စားသုံးဆီများကို သိုလှောင်ထားခြင်းဖြစ်ကြောင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု မြင့်မားလာချိန် သို့မဟုတ် ပြည်သူများစားနပ်ရိက္ခာ အခက်အခဲရှိသည့် အချိန်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက် တိုင်းဒေသကြီး အစိုးရ အဖွဲ့၏  စီစဉ်ညွှန်ကြားမှုများဖြင့်အတူ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် တာဝန်ရှိသူ တစ်ဦးမှ ပြောပြ၍သိရသည်။

နိုင်ငံနှင့်အဝှမ်းတွင် ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းမြင့်မားသည့် ချိန် ပြည်သူများအား ခွဲတမ်း စနစ်ဖြင့် ဖြန့်ဖြူးပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ ဆီကုန်သည်များ၊ ဆီလုပ်ငန်းပိုင်ရှင်များနှင့်ပူးပေါင်းပြီး မြစ်သားမြို့နယ်အတွက် ဆီပုံးအရေအတွက်(၂၈၂၀)ပုံး၊ စုဆောင်းထားရှိပါကြောင်း သိရသည်။

 (မြစ်သားပြန်/ဆက်)