လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းက ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်

လှိုင်းဘွဲ၊ စက်တင်ဘာ ၂၁


ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်းများ တပ်ဆင်ခြင်း Mask Campaign ကို ယမန်နေ့က အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့မဈေးနှင့် လူစည်ကားရာနေရာများတွင် ကြက်ခြေနီအသင်းက နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လှိုင်းဘွဲမြိုနယ် ကြက်ခြေနီအသင်း အတွင်းရေးမှူး ဒေါ်မေယုကဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခဲ့ပြီး မလိုအပ်ပဲ နေအိမ်ပြင်ပသို့ သွားလာခြင်းများမပြုလုပ်ရေး၊ သွားလာခဲ့ပါက နှာခေါင်းစည်းများတပ်ဆင်ပေးကြရန် အသိ ပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)