ဖလမ်းမြို့၌ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်၊ ပျက်စီးဆုံးရှုံးမှုမရှိ

ဖလမ်း           စက်တင်ဘာ        ၂၁

အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုကို ဖလမ်းမြို့၌ ယမန်နေ့ နံနက်ပိုင်းက လှုပ်ခတ်သွားပြီး ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၂၉ မိနစ်၊ ၀၆ စက္ကန့်အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက်(၂၉)မိုင်ခန့်ကွာဝေးသော (ချင်းပြည်နယ်၊ ဖလမ်းမြို့၏ အရှေ့-အရှေ့မြောက်ဘက်(၁၃)မိုင်ခန့်အကွာ) မြောက်လတီ္တတွဒ် (၂၂ ဒသမ ၉၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်( ၉၃ ဒသမ ၈၇ )ဒီဂရီ၊ အနက် (၂၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ( ၄ ဒသမ ၉ )အဆင့်ရှိ အင်အားအနည်းရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွား ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ မြေငလျင်လှုပ်ခတ်မှုကြောင့် ဖလမ်းမြို့နယ်အတွင်းနှင့် ဖလမ်း(ဆူရ်ဘုန်)လေဆိပ်စီမံကိန်း၊ လိုင်ဗားဆည်များတွင် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူ များထံမှ သိရသည်။

ဂျွန်