ကျီခါးမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

ကျီခါး  စက်တင်ဘာ   ၂၁

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀,၀၀၀)နှုန်းဖြင့် ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယမန်နေ့နံနက် ၇ နာရီက တာဝန်ရှိသူများက သက်ဆိုင်ရာ အိမ်ထောင်စုများထံသို့   အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင်  ကျီခါးမြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်၊ ပြန်/ဆက် ဦးစီးမှူး ဦးလိန်းမာန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျီခါးမြို့ပေါ်ရပ်ကွက် (၂)ခုရှိ ပုံမှန်ဝင်ငွေ မရှိသော  အခြေခံလူတန်းစား အိမ်ထောင်စု(၁၄၅)စုအတွက်  အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀,၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၂,၉၀၀,၀၀ဝိ/-)အား သက်ဆိုင်ရာအိမ်ထောင်စုများ ထံသို့ သွားရောက်၍  ၎င်းတို့လက်ဝယ်အရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)