ရေစကြို စက်တင်ဘာ ၂၁
ရေစကြိုမြို့နယ် စည်ပင်သာယာရေး အဖွဲ့နယ်နိမိတ်ရှိ အမှတ်(၇)ရပ်ကွက်၊ စပယ်လမ်းနှင့် ဗန္ဓုလလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ဇွန်လ ၉ ရက်နေ့က စတင်၍ ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ အမှတ်(၇)ရပ်ကွက်၊ စပယ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ဗန္ဓုလလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် စပယ်လမ်းကတ္တရာခင်းခြင်းလုပ်ငန်းကို လမ်းအရှည် ၂၄၈၀ ပေ၊ အကျယ် ၁၈ ပေ၊ ထုထည် ၉ လက်မရှိသောလမ်းကို ခွင့်ပြုငွေကျပ် ၈၄၂၅၀၀၀၀ ဖြင့် လည်းကောင်း၊ ဗန္ဓုလလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို လမ်းအရှည် ၁၈၉၀ပေ၊အကျယ် ၁၄ ပေ၊ ထုထည် ၉ လက်မရှိသောလမ်းကို ခွင့်ပြုငွေကျပ် ၆၄၀၀၀၀၀၀ ဖြင့်လည်းကောင်း မြသဇင်အောင်(Group) ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုလတွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ထံမှ သိရသည်။
မြို့နယ် စည်ပင်သာယာရေးအဖွဲ့ နယ်နိမိတ်ရှိ လမ်းများကို ကတ္တရာလမ်းခင်းခြင်းများ ပြုလုပ်ခြင်းသည် ခရီးသွားလာမှု အဆင်ပြေ စေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
နွယ်နွယ်အောင် (ရေစကြို ပြန်/ဆက်)