ရွှေတောင် စက်တင်ဘာ ၂၁
ပြည်ခရိုင် ရွှေတောင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် လိုအပ်သည့် အထောက်အကူပြု လုပ်ငန်းနေရာများတွင် အသုံးပြု ဆောင်ရွက်နိုင်ရေးအတွက် စေတနာရှင် အလှူရှင်များက အလှူငွေများ၊ PPE ဝတ်စုံများ၊ ရာဘာလက်အိတ်များ၊ maskများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကိုရဲနိုင်စိုး၊ မကေသီပွင့်ခိုင် မိသားစုမှ တစ်သိန်းကျပ်၊ ဦးထွန်းသန်း ဒေါ်ခင်ချိုဝင်း မိသားစုမှ ငါးသောင်းကျပ်၊ ဒေါ်ညွှန့်ညွှန့်ဝင်း (သား) ထက်အာကာဇင်မိသားစုမှ ငါးသောင်းကျပ်၊ ဦးမြင့်ရွှေ ဒေါ်ဌေးဌေးရီ မိသားစုမှ နှစ်သိန်းကျပ်၊ ဦးခင်စိုး ဒေါ်မူမူ မိသားစုမှ တစ်သောင်းကျပ်၊ မနွေးနွေးမှ တစ်သောင်းကျပ်၊ ဒေါ်သိန်းလှ မုန့်စိမ်းမိသားစုမှ ငါးသောင်းကျပ်၊ ဦးမြင့်စိုး ဒေါ်စန်းစန်းမြင့် မိသားစုမှ ငါးသောင်း စုစုပေါင်း (ငါးသိန်းနှစ်သောင်းကျပ်)နှင့် Dr.Mobile နှင့် Ooredoo DSR Teamမှ PPE ဝတ်စုံ(၅)စုံနှင့် ရာဘာလတ်အိတ်(၅)ဘူး၊ ဦးဝင်းနိုင် တိုင်းဒေသကြီး(၁) ကိုယ်စားလှယ်လောင်းနှင့် အဖြူရောင် သံယော်ဇဉ်အဖွဲ့မှ mask(၅၀)ဘူး၊ ကိုဇော်မိုးမိသားစုမှ mask(၁)ဘူး၊ လက်အိတ်(၂)ဘူး၊ ရေသန့်ခေါင်း(၁) ခုအား ရွှေတောင် ပရဟိတအသင်းတွင် လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)