ဒေါပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားလာသည့်အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများ ကျယ်ကျယ်ပြန်ပြန့်သိရှိနိုင်ရေး Hand Speaker ဖြင့် အရှိန်အဟုန်​မြှင့် လိုက်လံအသိပေးနှိုးဆော်

ဒေါပုံ စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားလာသည့်အတွက် ​ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရန် လမုတန်းရပ်ကွက်အတွင်း Hand Speaker ဖြင့် အရှိန်အဟုန်မြှင့်  လိုက်လံအသိပေးနှိုးဆော်ခြင်းကို  ယနေ့ နံနက်ပိုင်း (၁၁)နာရီအချိန်က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ အသိပေးနှိုးဆော်ရာတွင် ရပ်ကွက်များအတွင်းရှိ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ရန်နှင့်  ပြည်သူများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း လူစုလူဝေးရှောင်ကြဉ်ကြရန်၊ နေအိမ်ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်း Mask မဖြစ်မနေတပ်ဆင်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျ စက္ကန့် ၂၀ ခန့်ကြာအောင် ဆေးကြော သန့်စင်ကြရန် ဝန်ထမ်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက် သူများမပါ နေအိမ်ရှိ ပြည်သူများ က တစ်ဦးသာထွက်ရန် ကြေညာချက်များကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြေညာပေးလျက် ရှိကြောင်း သိရသည်။

သဲစုစုလွင် (ပြန်/ဆက်)