စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါက သယ်ယူပို့ဆောင်နိုင်ရေးအတွက် ပရဟိတ အဖွဲ့အစည်းများနှင့် ဆွေးနွေး

စလင်း စက်တင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ရန်ကုန်နှင့်အခြားမြို့နယ်များမှ ပြန်လည်ဝင်ရောက်သူများပြားလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါက သယ်ယူပို့ဆောင် နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ စည်သူခန်းမ၌ ယနေ့ နံနက် ၉ နာရီ အချိန်က ရက်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အတွင်းရှိ ပရဟိတ အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဟိန်းဆက်က ဒေသန္တရ အမိန့်များ ထုတ်ပြန်ထားသော်လည်း ပြည်တွင်းပြန်များ မြို့နယ်အတွင်းဝင်ရောက်လျှက်ရှိနေတာကို ကြားသိ နေရကြောင်း၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ရပ်ကွက်/ ကျေးရွာများသို့ အခြား နေရာဒေသများမှ ပြန်လည်ဝင်ရောက်လာသူများရှိပါက သက်ဆိုင်ရာဌာနဆိုင်ရာများသို့ သတင်းပေးခြင်း၊ ရောဂါပိုးရှိ/မရှိ စမ်းသပ်စစ်ဆေးစေခြင်း၊ Quarantine များဝင်ရောက်စေခြင်း များပြုလုပ်သွားစေရန်နှင့် ရောဂါလက္ခဏာပြသလာပါက သက်ဆိုင်ရာဌာနသို့ပို့ဆောင်နိုင်ရန် အတွက် သယ်ယူပို့ဆောင်ရေးယာဉ်များကို ပရဟိတအဖွဲ့များက ကူညီပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် ပရဟိတအသင်းအဖွဲ့များက သိရှိလိုသည်များကို မေးမြန်းကြရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဝင်များနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မ ပြန်လည်ဖြေကြား ခဲ့ကြောင်းသိရှိရသည်။

မောင်လွင်(ပြန်/ဆက်)