ဒေါ့ဖုန်းယန် စက်တင်ဘာ ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ဖာကေကျေးရွာအုပ်စု အတွင်းရှိ မသန်စွမ်း ပြည်သူများနှင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ကပ်ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ထောက်ပံ့ငွေကျပ် ၃၀,၀၀၀ ကျပ်စီကို ယနေ့နံနက် ၉ နာရီခန့်မှစတင် ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အစီအစဉ်ဖြင့် မသန်စွမ်းသူများအား ဖာကေကျေးရွာအုပ်စုအတွင်းရှိ မသန်စွမ်းသူဦးရေ (၁၂)ဦး အတွက်ငွေကျပ် (၃၆၀,၀၀၀)နှင့် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ( ၇ )ဦးအတွက် ထောက်ပံ့ငွေ(၂၁၀,၀၀၀) စုစုပေါင်း ထောက်ပံ့ငွေကျပ်( ၅၇၀,၀၀၀ )ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါပေးအပ်ရာတွင် ဖာကေကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလှကျော်၊ ရပ်ကျေးစာရေး ဒေါ်နန်းလှလှရီနှင့် တာဝန်ရှိသူများက မသန်စွမ်းသူများနှင့် သက်ကြီးဘိုးဘွားများ ကျေးရွာများရှိ နေအိမ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိနေသေးသည့် မသန်စွမ်းသူများနှင့် သက်ကြီးဘိုးဘွားများကိုလည်း ရပ်ကျေး စာရေးများမှ တစ်ဆင့် ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။
မြသက်( ပြန်/ဆက် )