မိုးကုတ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်နိုင်ရေး Mask တပ်ဆင်မှု ရှိ၊ မရှိ စစ်ဆေး

မိုးကုတ်  စက်တင်ဘာ  ၂၁

မြန်မာနိုင်ငံအတွင်းတွင် ကိုဗစ် - ၁၉ ရောဂါသည် ကူးစက်ပြန့်ပွားမှု လျော့ကျရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ပြည်သူတိုင်း mask တပ်ဆင် အသုံးပြုနိုင်ရေးအတွက် မိုးကုတ် မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ mask တပ်ဆင်အသုံးမပြုဘဲ သွားလာနေသူများအား အသိပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ လှုပ်ရှားမှုတွင် မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးဆက် ဦးဆောင်သည့် ၀န်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရံတပ်ဖွဲ့၀င်များနှင့် မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် တားဆီးထိန်းချုပ်ရေးအဖွဲ့၀င်များ ပူးပေါင်းပါဝင်ကြပြီး မြို့အတွင်းလူစည်ကားရာ နေရာများသို့ သွားရောက်ကာ မြို့နေပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် အပြင်ထွက်တိုင်း Mask စနစ်တကျတပ်ဆင်ခြင်း၊ လက်ဆေးခြင်းများအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ထုတ်ပြန်ချက်၊ ညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားလာရေး အသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီးဖြစ်ရာ ညွှန်ကြားချက်အား လိုက်နာခြင်းမရှိဘဲ သွားလာနေသူများအား mask တပ်ဆင်အသုံးပြုရေး အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး mask များ ချက်ချင်း၀ယ်ယူ တပ်ဆင်စေခြင်းများကို လှည့်လည်ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ဖြိုးမမ(မိုးကုတ်)