ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်း (၉) မျိုး လာရောက်လှူဒါန်း

ကျောက်ပန်းတောင်း စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတွင် လိုအပ်သလို အသုံးပြု နိုင်ရန်အတွက်၊  ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်း စုစုပေါင်း (၉)မျိုးကို ယနေ့ မွန်းတည့်(၁၂)နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ လာရောက်  လှူဒါန်းခဲ့ကြ ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများတွင် လိုအပ်သလိုအသုံးပြုနိုင်ရန်အတွက်၊  ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ Plastic Apron (၁၀၀ ခုပါ) (၃)ထုပ်၊ လက်အိပ်(၁၀၀ခုပါ) (၅)ဗူး၊ ရေမလိုလက်သန့်ဆေးရည်(၅၀၀ မီလီ) (၁၀) ဗူး၊ ရေမလို လက်သန့် ဆေးရည်(၄ လီတာ) (၅)ပုံး၊ လက်ဆေးဆပ်ပြာရည် (၅၀၀မီလီ) (၁၀)ဗူး၊  လက်ဆေးဆပ်ပြာရည် (၃.၅ ကီလိုဂရမ်) (၅)ပုံး၊  အရက်ပျံ (၅၀၀မီလီ) (၂၀)ဗူး၊  ပိုးသတ်ဆေး ဖြန်းပုံး (၁၆ လီတာဆံ့) (၂)ပုံးနှင့် ပိုးသတ်ဆေးရည် (၁၅လီတာ) (၂)ပုံးတို့ကို၊ ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကိုယ်စား ဦးမင်းဆန်းနှင့် ဦးနေမင်းထွန်းတို့က လာရောက် လှူဒါန်းကြရာ၊ မြို့နယ် ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးအေပါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် ကော်မတီဝင် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဖြိုးတင့်ခိုင်တို့က လက်ခံရယူခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)