ဘောဂလိ၊ စက်တင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၊ သပြေညွှန့်ကျေးရွာတွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်း စားအိမ်ထောင်စုများအား စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက သပြေညွှန့်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများပေးခြင်းတွင် သံတောင်ကြီးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်းမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်အတွင်း ပြည်သူများ အလုပ်အကိုင်အခက်အခဲဖြစ်ပေါ်နေမှုများအပေါ် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရမှ ယခုလိုထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာ၏ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ရန် အစရှိသဖြင့် ပြော ကြားခဲ့သည်။
ထို့နောက် ထောက်ပံ့ငွေများပေးအပ်ရာတွင် သပြေညွှန့်ကျေးရွာအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံ လူတန်းစားအိမ်ထောင်စုများအတွက် တစ်အိမ်ထောင်လျှင်ကျပ် (၂၀၀၀၀) နှုန်းဖြင့် အိမ်ထောင်စု (၁၀၁၀) စုအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၀၂၀၀၀၀၀)ကို သံတောင်ကြီးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် ဘောဂလိမြို့အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှုးတို့က ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
နီလာအေး(ပြန်/ဆက်)