ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ နေ့စဉ်အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ပိုင်ကျုံ၊ စက်တင်ဘာ   ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်း ကိုဗစ် - ၁၉ ရောဂါ  ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို နေ့စဉ် နံနက်/ညနေ တာဝန်များခွဲကာ မိမိတို့မြို့၊ ရပ်ကွက် /ကျေးရွာများရှိ အဝင်/အထွက်နေရာများတွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို အချိန်နှင့်တပြေးညီဖွင့်လှစ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့ မြို့အ၀င်တွင်ဖွင့်လှစ်ထားရှိသော မြို့အ၀င်ကျန်းမာရေးစောင့်ကြည့်ဂိတ်အား နံနက် (၇) နာရီမှ ညနေ (၆) နာရီထိ နေ့/ည ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊  လုံခြုံရေးတာဝန်ခံများနှင့် တာဝန်ရှိသူများက မြို့တွင်းသွားယာဉ်များနှင့် ဖြတ်သန်းသွားလာသည့်ယာဉ်များအား လိုအပ်သည်များ ကြီးကြပ်စစ်ဆေးကာ ကျန်းမာရေးညွှန်ကြားချက်များလိုက်နာရန် အသိပေးကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ မိမိတို့ဒေသအတွင်းသို့ ပြည်သူများ ဝင်/ထွက် သွားလာနေမှုကို  အမြဲစောင့်ကြည့်၍ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ စဉ်ဆက်မပြတ် လုပ်ဆောင်နေခြင်းကြောင့် ကိုဗစ် - ၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ခြင်း၊ သံသယလူနာများတွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန်ဆက်သွယ်ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)