လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေ များ ပေးအပ်

လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ စားဝတ်နေရေး ပြေလည်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ မှ (ပဥ္စမအကြိမ်)အဖြစ် ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံ လူတန်းစားများ အတွက် အိမ်ထောင်စု(၁)စုလျှင် ထောက်ပံ့ငွေကျပ်(၂၀၀၀ဝိ/)ကျပ် ထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် အဖွဲ့များက ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အတွင်းရှိ ရပ်ကွက်(၉) ရပ်ကွက်နှင့် ကျေးရွာ(၅)ရွာတို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများ အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀ဝိ/)ကျပ်နှုန်းဖြင့် သက်ဆိုင်ရာရပ်ကွက်များအလိုက် ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)