မိုင်းတုံ၌ အငြိမ်းစားပင်စင်စားအသက် (၁၁၇) နှစ်အား အိမ်တိုင်ရာရောက် UID (Biometric) စာရင်းကောက်ယူဆောင်ရွက်ပေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင်ထွန်းနှင့် ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်သို့ မလာရောက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဖြစ်သော ဖာချယ်ကျေးရွာနေ ဦးဒေဝိန် အသက် (၁၁၇) နှစ်အား နေအိမ်အရောက် UID ကောက်ယူမှုကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။