ညောင်တုန်း ဩဂုတ် ၅
ဧရာ၀တီတ်ိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဆင်ထုံးကျေးရွာအုပ်စုအတွင်းရှိ ရောင်ခြည်ထွန်း စာကြည့်တိုက်နှင့် ဓမ္မရောင်ခြည်စာကြည့်တိုက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်နှင့်ဝန်ထမ်းများက စာကြည့်တိုက်မှူး၊ စာကြည့်တိုက် ကော်မတီများနှင့်တွေ့ဆုံ၍ စာကြည့်တိုက်အဆောက်အဦ၊ စာဖတ်ခန်းများ သန့်ရှင်းသပ်ရပ် စေရေးနှင့် လေဝင်လေထွက်ကောင်းမွန်စေရေး၊ စာကြည့်တိုက်ရှိစာအုပ်များ စနစ်တကျ ထားရှိစေရေး၊ လှူဒါန်းရရှိသောစာအုပ်များ စာရင်းရေးသွင်းမှုအား သင်ကြားပြသခြင်းနှင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံခိုင်မြဲရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ လှူဒါန်းခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)