ပန်းတနော်မြို့နယ်၌ မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်မှု၊ ကိုယ်ဝန်ဆောင် မိခင်များအား မိခင်နို့စနစ်တကျတိုက်ကျွေးရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပန်းတနော် ဩဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု၊ ကိုယ်ဝန်ဆောင်မိခင်များအား မိခင်နို့စနစ်တကျတိုက်ကျွေးရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မအူပင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဦးအောင်ဇော်ထွန်းက ကိုယ်ဝန်ဆောင်မိခင်များအားမိခင်နို့စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ်၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန်အတွက် ဉာဏ်စွမ်းရည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်လူချွန်လူကောင်းများပေါ်ထွက်စေရန် အခြေခံကျသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုထိရောက်အောင် ပူးပေါင်းပါဝင်ပေးစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်နှင့်တာဝန်ရှိသူများကကိုယ်ဝန်ဆောင်မိခင်များအား (၁) ဦးလျှင် ငွေကျပ်(၁)သောင်းနှင့် အာဟာရဖြစ်စေမည့် ကြက်ဥ၊ ငှက်ပျောသီးများပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)