ဟုမ္မလင်း ဩဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍လူငယ် ရေးရာအသိပညာပေးဟောပြောပွဲကို၊ ဟုမ္မလင်းမြို့နယ်၊ အ.လ.က- ခေါင်ခမ်း၊ ကျောင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.လ.က ခေါင်ခမ်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ရိုစီမိုးက အဖွင့်အမှာစကားပြောကြားပြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးဧဆက်က "စာပေကို အခြေခံ၍ ဘဝကိုမြှင့်တင်ပါ "ခေါင်းစဉ်ဖြင့်လူငယ်များမှ စာအုပ်စာပေဖတ်ရှုကြရန် တိုက်တွန်းပါကြောင်း၊ ကျောင်းသားကျောင်းသူများ သုတ/ရသစာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာအတတ်ပညာများ တိုးပွားလာပြီးဘဝအတွက်များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း၊အသိပညာကိုစာအုပ်စာပေများဖတ်မှတ်ခြင်းမှရရှိနိုင်ပြီးစာအုပ်စာပေသည်လူသားများအတွက် မိတ်ဆွေကောင်းဖြစ်၍ စာအုပ်စာပေဖွံ့ဖြိုးရေးနှင့် စာဖတ်သည့်အလေ့အကျင့်များ တိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်ကြရန် စာပေဖြင့်ဘဝကိုမြှင့်တင်ကြရန်၊ တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ဟုမ္မလင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဆိုင်းက “အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး” ခေါင်းစဉ်ဖြင့်၊ အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကာ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ၊ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ဦးရေ (၂၀၀) ကျော်တို့က၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်၊ ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး၊ နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)