မြဝတီ သြဂုတ် ၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ခြင်မှဖြစ်ပွားတတ်သော ရောဂါများ ကင်းဝေးစေရေးအတွက် မြဝတီမြို့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှပူးပေါင်း၍ ယနေ့မွန်းလွဲ ၂ နာရီ၌ အမှတ်(၃)ရပ်ကွက်၊ ဗညားဒလလမ်းတွင် ကလိုရင်းဆေးခတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းအားကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြဝတီမြို့ကျန်းမာရေးဦးစီးဌာနမှ ဆရာမဒေါ်နန်းသန္တာအေးနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှအဖွဲ့ဝင် (၂)ဦး၊ အမှတ် (၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရွှေတင်နှင့် ရာအိမ်မှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့တို့မှ အမှတ် (၃)ရပ်ကွက်ရှိ ရေတွင်း ၊ရေကန် ၊ရေစည်များ၌ ပိုးလောက်လန်းများ၊ ခြင်များမပေါက်ဖွားစေရန်နှင့်ခြင်မှ ဖြစ်ပွားတက်သောရောဂါများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကလိုရင်း/ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊သွန်၊ လဲ၊စစ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းများအား ရပ်ကွက်အလိုက် စာသင်ကျောင်းများ၊ လူနေအိမ်များအား ဆက်လက် ဆောက်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)