မိုင်းတုံ၌ အငြိမ်းစားပင်စင်စားအသက် (၁၁၇) နှစ်အား အိမ်တိုင်ရာရောက် UID (Biometric) စာရင်း‌ကောက်ယူဆောင်ရွက်ပေး

မိုင်းတုံ ဩဂုတ် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင်ထွန်းနှင့် ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်သို့ မလာရောက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဖြစ်သော ဖာချယ်ကျေးရွာနေ ဦးဒေဝိန် အသက် (၁၁၇) နှစ်အား နေအိမ်အရောက် UID ကောက်ယူမှုကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့နယ်အတွင်ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများသည် အသက်ကြီး၍ ကိုယ်တိုင် မြန်မာ့စီးပွားရေးဘဏ်သို့ မလာရောက်နိုင်သည့်အတွက် သီးသန့်အစီအစဉ်ဖြင့် အိမ်တိုင်ရာရောက် UID (Biometric) ကောက်ယူ၍ UID ထုတ်ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင်ထွန်းဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ဖာချယ်ကျေးရွာတွင် UID (Biometric) ကောက်ယူရန်ကျန်ရှိနေသော ဦးဒေဝိန် အသက် (၁၁၇) နှစ်နှင့် အဘိုး၊အဘွားများအား တစ်ဦးချင်းစီ၏ နေအိမ်များအရောက်  UID (Biometric) ကောက်ယူ၍ UIDထုတ်ပေးခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင် (မြို့နယ်ပြန်/ဆက်)