အောင်မြေသာစံမြို့နယ်တွင် အထူးရဲသင်တန်းဖွင့်ပွဲလှစ်

မန္တလေး အောက်တိုဘာ ၁

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အထူးရဲသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဒေါန ဘွားရပ်ကွက်၊ ၁၄ လမ်းနှင့် ၁၅ လမ်းကြား၊ ၆၃ လမ်း နှင့် ၆၄ လမ်းကြားရှိ အမှတ် (၁၇) အခြေခံပညာ အထက်တန်းကျောင်း၊ ချမ်းမြေ့မန္တလာခန်းမတွင် ကျင်းပရာအောင်မြေသာစံ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဇင်မြင့် က တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာကြည်ရွှေ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်ခိုင်၊ မြို့မရဲစခန်းမှူးနှင့်နယ်မြေခံ ရဲတပ်ဖွဲ့မှစခန်းမှူးများ၊ သင်တန်းမှူးနှင့် သင်တန်းသား အထူးရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ‌ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက် နိုင်ရန် အထူးရဲတပ်ဖွဲ့ဝင်များကို သင်တန်းဖွင့်လှစ်ပို့ချခြင်းဖြစ်ပြီး သင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၂၈ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အောင်မြေသာစံမြို့နယ်တွင် မဲရုံပေါင်း (၉၂) ရုံ သတ်မှတ်ထားသည့်အတွက် အထူးရဲ (၉၂) ဦး ခန့်အပ်ထားကြောင်း သိရသည်။

ဇော်လင်းဦး (အောင်စံ)