မိုးကောင်း၌ ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် လုံခြုံရေးတာဝန် ထမ်းဆောင်ရန် အထူးရဲများကို ဆင့်ပွား သင်တန်းပေး

မိုးကောင်း  အောက်တိုဘာ  ၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် လုံခြုံရေးတာဝန် ထမ်းဆောင်ရန် ခန့်အပ်သော အထူးရဲ ဆင့်ပွားသင်တန်းကို နောင်ကိုင်တော်ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းမှစတင်ပို့ချ သင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မိုးကောင်းမြို့နယ်အတွက် ခန့်ထားသော အထူးရဲတပ်ဖွဲ့ဝင်(၇၀)ဦးကို အောက်တိုဘာ ()ရက်မှ (၂၈)ရက်ထိ()ပတ်ကြာ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းတွင် လက်နက်မဲ့စစ်ရေးပြ၊ လူ့အခွင့်ရေး ဆိုင်ရာဥပဒေ၊ ရာဇသတ်ကြီးကျင့်ထုံးဥပဒေ၊ ရဲကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ ပြည်သူလူထု ပူးပေါင်း ပါဝင်သော ရဲလုပ်ငန်းစနစ်များကို ပို့ချသင်ကြားမည် ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှစိုးနှင့် ပြည်သူ့ရဲတပ်ဖွဲ့များ၊ အထူးရဲများတက်ရောက်ပြီး ယခုကျင်းပ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲသည် ယခင် ၂၀၁၀-၂၀၁၅ ရွေးကောက်ပွဲနှင့်မတူဘဲ ပိုမိုအရေးကြီးပြီး ရှုပ်ထွေးမှုများ၊ ပြိုင်ဆိုင်မှုများရှိလာနိုင်သဖြင့် ဥပဒေကို စောင့်ထိန်းတဲ့ ရဲတပ်ဖွဲ့ဝင်များ အထူးသတိပြုစေလိုကြောင်း၊ ရွေးကောက်ပွဲကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေး ဆောင်ရွက်ပေးရမည့် တာဝန်သည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အဓိက တာဝန်ဖြစ်ကြောင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူးက အခမ်းအနား၌ ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)