(၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား ဆန်၊ဆီ၊ ဆား စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်

မိတ္ထီလာ၊အောက်တိုဘာ ၁

(၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိတ္ထီလာမြို့နယ် အမှတ် (၆၉) ယာဉ် ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆားနှင့် စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်ပွဲကို အောက်တိုဘာလ ၁ရက်နေ့ နံနက်၈ နာရီအချိန်က အဆိုပါ ယာဉ်ထိန်းတပ်ဖွဲ့ရုံးတွင် ကျင်းပကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင်  အမှတ်(၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင် ၅ဝ ဦးအား တစ်ဦးလျှင် ဆန် ၅ ပြည်၊ ဆီ ၅ဝ ကျပ်သား၊  ဆားတစ်ပိဿာ၊ ဟင်းချိုမှုန့် ၅ဝ ကျပ်သား နှင့် ကြက်သွန်နီ တစ်ပိသာတို့အားယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးရန်နိုင်က ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။   

ချမ်းသာ (ပြန်/ဆက်)