နမ့်စန်(တ) အောက်တိုဘာ ၁
နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယနေ့ နေ့လယ် ၁၂ နာရီ ၂၅အချိန်တွင် ရောက်ရှိခဲ့ကြကြောင်း သိရသည်။
မော်တော်ယာဉ် ၅ စီးဖြင့် ရောက်ရှိဖြတ်သန်းလာသော နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမား ကျား (၅၆) ဦး ၊ မ (၁၅) ဦး စုစုပေါင်း( ၇၁) ဦးကို မြို့နယ်မှ တာဝန်ရှိသူများက အမှတ်(၂)ရပ်ကွက် မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကြိုဆိုခဲ့ပြီး နမ့်စန်မြို့တွင် ဆင်းသည့် ခရီးသည် ၅ ဦးကို Home Quarantine ဆောင်ရွက်စေခြင်း၊ လင်းခေးခရိုင်သို့ ဆက်သွားမည့် ခရီးသည် ၇ ဦးကို သက်ဆိုင်ရာမြို့နယ်များနှင့် ချိတ်ဆက်၍ ဆက်လက်ပို့ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကျန်ခရီးသည်များမှာ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် တောင်ကြီးမြို့သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)