အင်းတော် အောက်တိုဘာ ၁
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးတင်လှိုင်က ၂၀၂၀ ရွေး ကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ဒုတိယအကြိမ် မဲစာရင်း ကြေညာကပ်ထားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ် ရွေးကောက်ပွဲ အရာရှိ ဦးဘုန်းမြင့်က ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာမည့် အခြေအနေများ၊ အင်းတော်မြို့နယ်အတွင်းရှိ မဲရုံများတွင် တာဝန်ပေးအပ် မည့် အခြေအနေများ၊ သင်တန်း ဖွင့်လှစ်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသီးသီး ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ် သက်၍ ဖြည့်စွက် ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။ အင်းတော်မြို့နယ် အနေဖြင့် ဒုတိယ အကြိမ်မဲစာရင်းများ ကပ်ထား ကြေညာရာတွင် မဲဆန္ဒရှင်ဦးရေပေါင်း ( ၉၂၄၀၀ ) ကျော် ရှိကြောင်း သိရသည်။
ကျော်သီဟ(အင်းတော် ပြန်/ဆက်)