သပိတ်ကျင်း အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မဲရုံလုံခြုံရေးအတွက် အထူးရဲ သင်တန်းဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် သပိတ်ကျင်းမြို့မရဲစခန်းမှူး ဒုရဲမှူး တင်မိုးဇော်မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းကျော်ဌေးအား သတင်းပို့ တန်းအပ်ခြင်းပြုလုပ်ခဲ့ပြီး ရဲမှူး သန်းကျော်ဌေးမှ သင်တန်းသားများအား အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းစည်းမျဉ်စည်းကမ်းများ ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ နေထိုင်ကြရန် မှာကြားခဲ့သည်။
သင်တန်းကို သပိတ်ကျင်းမြို့နယ်အတွင်းမှ သင်တန်းသား(၁၀၁)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ အောက်တိုဘာ (၁) ရက်နေ့မှ (၂၈) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကာ နေရာ (၃) နေရာခွဲပြီး တပြိင်တည်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရှိရပြီး သင်တန်းဘာသာရပ်များအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ များ၊ လုံခြုံရေးဆိုင်ရာများ၊ လူအခွင့်အရေးဆိုင်ရာများကို သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးနိုင်ဝင်း(ပြန်/ဆက်)