ကျိုက်လတ် အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲလုံခြုံရေးတာဝန် ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား အထူးရဲသင်တန်းကို ယနေ့နံနက် (၈) နာရီက အ.ထ.က(၂)ကျိုက်လတ် နှင့် လှိုင်းတာ ကျေးရွာ ၊ အောင်သုခ ဘုန်းတော်ကြီးကျောင်း တို့တွင် ဖွင့်လှစ်ပို့ချခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမင်း က အထူးရဲများနှင့် ပတ်သက်၍ လိုက်နာ ဆောင်ရွကရမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ အထူးရဲသင်တန်းကို ကျိုက်လတ်မြို့နယ် အတွင်း ရှိ မဲရုံ (၂၆၀) ရုံ အတွက် အထူးရဲတပ်ဖွဲ့ဝင် (၂၆၀) ဦးရှိပြီး ၊ အထူးရဲတပ်ဖွဲ့ဝင် (၁၆၃) ဦး ကို အ.ထ.က(၂) ကျိုက်လတ်တွင်လည်းကောင်း၊ (၉၇) ဦးကို လှိုင်းတာ ကျေးရွာ၊ အောင်သုခ ဘုန်းတော်ကြီးကျောင်း တွင် လည်းကောင်း တာဝန်ရှိသူများက အောက်တိုဘာ လ (၁) ရက်နေ့ မှ အောက်တိုဘာ(၂၈) ရက်နေ့ထိ စာတွေ့လက်တွေ့ စစ်ရေးပြများအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
ရီရီမြင့်(ပြန်/ဆက်)