ဒိုက်ဦး အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ (၅၃)အုပ်စုမှ အသက်(၈၀)နှစ်နှင့် (၈၅)နှစ်ပြည့်ပြီးသည့် ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်သည်။ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာန၊ လူမှုဝန်ထမ်းဦးစီးဋ္ဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ကုစားမှု အစီအစဉ်အရ မိသားစုစားဝတ်နေရေး အစဉ်ပြေစေရန်အတွက် ရည်ရွယ်၍ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ(၃)လအတွက် ထောက်ပံ့ငွေ တစ်ဦးလျှင် ၃၀၀၀၀ကျပ်ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ရာ ဒိုက်ဦးမြို့နယ်တွင် အသက်(၈၀)နှစ်နှင့်အသက်(၈၅)နှစ်ပြည့်ပြီးသည့် သက်ကြီးဘိုးဘွား စုစုပေါင်း(၁၀၅၃)ဦးအတွက် စုစုပေါင်း (၃၁၅၉၀၀၀၀) ကျပ်အား သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ကျော်(ဒိုက်ဦး)