မြစ်ကြီးနားမြို့၌ ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

မြစ်ကြီးနား အောက်တိုဘာ ၂

အောက်တိုဘာ()ရက်နေ့တွင် ကျရောက်သည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ခရိုင်ရဲတပ်ဖွဲ့မှူးမှ ဦးဆောင်ကာ ယမန်နေ့ နံနက်ပိုင်းက ပြည်သူအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထို့တို့ဆောင်ရွက်ရာတွင် မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး တင်ဖေဝင်းမှဦးဆောင်၍ အရာရှိများ၊ ရဲတပ်ဖွဲ့ဝင် များသည် မြစ်ကြီးမြို့ မြို့သစ်ကြီးရပ်ကွက်ရှိ အောင်ဇေရန်အောင်ပရိဝုက် အတွင်း/အပြင်တို့တွင် သန့်ရှင်းသာယာ လှပရေးအတွက် ချုံနွယ်များ၊ မြက်များအမှိုက်များအား ရှင်းလင်းခြင်း၊ ရုပ်ပွားတော်မြတ်ကြီး ကိန်းဝင်ရာ ဂန္ဓကုဋ္ဌီတိုက်နှင့် ဓမာရုံများအတွင်း သန့်ရှင်းရေးများပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယော်ဆောင်(ပြန်/ဆက်)