ကျုံပျော်မြို့ မြို့မဈေးအတွင်းရှိ စျေးရောင်း/ဝယ်သူများတွင် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

ကျုံပျော် အောက်တိုဘာ

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေးအတွင်းရှိ စျေးရောင်း/ဝယ်သူများတွင် Mask များတပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ တာဝန်ရှိသူများ ဦးဆောင်ပြီး ဈေးရောင်း/ ဝယ်သူများ Mask များတပ်ဆင်ခြင်း ရှိ/မရှိကို လိုက်လံစစ်ဆေးကာ Mask မတပ်ဆင်သည်ကို တွေ့ရှိပါကလည်း ဒါဏ်ကြေးကောက်ခံမှုများ ပြုလုပ်၍ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကျုံပျော်မြို့နေ ပြည်သူများနှင့် ဈေးရောင်း/ဝယ်သူများအား Mask တပ်ဆင်ခြင်း ရှိ/မရှိကို နေ့စဉ်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း၊ လူအများနေ့စဉ် ဝင်/ထွက် သွားလာရာနေရာ ဖြစ်သည့်အတွက် ရောဂါပြန့်ပွားမှု မရှိစေရန် ယခုကဲ့သို့ စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊‌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ဈေးရောင်းဝယ်သူများတွင် Mask စနစ်တကျ တပ်ဆင်ရန်နှင့် မကြာခဏ လက်ဆေးရန်တို့ကို အသိပေးဆောင်ရွက် လျက်ရှိကြောင်သိရသည်။

နေဝင်းမြင့်(ကျုံပျော်)