ကျောက်မဲမြို့နယ်၌ မဲရုံလုံခြုံရေးအထူးရဲ သင်တန်းဖွင့်လှစ်

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မဲရုံလုံခြုံရေးအထူးရဲ သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ မြို့ကျက်သရေဆောင် ခန်းမတွင် ယမန်နေ့ နံနက် ၇ နာရီကကျင်းပခဲ့ရာ သင်တန်းသား ၄၄ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်း ဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် လုံခြုံရေး တာဝန်ထမ်းဆောင်မည့်

သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု နမ့်လန်ကျေးရွာတွင် အသက်(၈၀)မှ(၈၅)နှစ်အတွင်းနှင့် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နမ့်လန်ကျေးရွာတွင် ကိုဗစ်−၁၉ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်အတွင်း သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းမှစတင်၍ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေ ပြည်သူများကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

နမ့်ဆန်၌ မဲရုံလုံခြုံရေးဆောင်ရွက်ရန် အထူးရဲသင်တန်းဖွင့်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး‌ကောက်ပွဲတွင် မဲရုံလုံခြုံရေး အဖြစ်ဆောင်ရွက်နိုင်ဖို့ အထူးရဲသင်တန်းကို ယမန်နေ့ နံနက်(၈)နာရီက မြို့နယ်ခန်းမ ဆောင်တွင်ပြုလုပ်သည်။

သပိတ်ကျင်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မှန်ကန်ပြည့်စုံသော မဲဆန္ဒရှင်စာရင်းများရရှိစေရန်၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို အောက်တိုဘာ (၁) ရက်နေ့မှစတင်၍ ရပ်ကွက်/ကျေးရွာ ကော်မရှင်ရုံးများတွင် ကြေညာကပ်ထားပြီ ဖြစ်သည်။

ကျိုက်ဒုံမြို့တွင် အထူးရဲများ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်ပွဲ ကျင်းပ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက အထူးရဲများရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပသည်။

ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ဒိုက်ဦးမြို့နယ်တွင် ကပ်ထားကြေညာ

အောက်တိုဘာလ ၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု (၅၃)အုပ်စု၌ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ပြည့်စုံ မှန်ကန်သော မဲဆန္ဒရှင်စာရင်း များ ကပ်ထားကြေညာခဲ့သည်။

မိုင်းငေါ့မြို့ တာလုံရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ တာလုံရပ်ကွက်တွင် အသက် (၈၀)နှင့်(၈၅)နှစ်အတွင်း သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေ(၄) နာရီအချိန်ခန့်က ပြုလုပ်ခဲ့သည်။
Subscribe to