လေးမျက်နှာမြို့၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

လေးမျက်နှာ  အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/​​​ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာပေးထားကြောင်း သိရသည်။

ထိုသို့ ကပ်ထားကြော်ငြာခြင်းသည် ဒုတိယအကြိမ်နှင့်​​ နောက်ဆုံးအကြိမ်ဖြစ်ပြီး ​​​အောက်တိုဘာလ() ရက်နေ့မှ (၁၄)ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/​ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးထားမည်ဖြစ်ကြောင်း၊ ဆန္ဒမဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ- ဖြင့် အမည်ထည့်သွင်းရန်တောင်းဆိုခြင်း အခြားဒေသမှ လာရောက်နေထိုင်သူများ ဖြစ်ပါက ပုံစံ-(က)ဖြင့်လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ- ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ-()ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်စိစစ်၍ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လေးမျက်နှာမြို့နယ်၌ မဲရုံပေါင်း(၁၈၈)ရုံ သတ်မှတ်ထားရှိပြီး မဲဆန္ဒရှင်ဦးရေ(၈၂၅၈၁ဦးရှိကြောင်း သိရသည်။

ဝေဝေ(လေးမျက်နှာ)