ကလိန်အောင် အောက်တိုဘာ ၁
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဒုတိယအကြိမ်ကြေညာထားသော မဲဆန္ဒရှင်အမည်စာရင်းအား လာရောက်ကြည့်ရှုရန် လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီခန့်က ရပ်ကွက်အတွင်း လှည့်လည်၍ နှိုးဆော်ခဲ့ကြောင်းသိရသည်။
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပရာတွင် အသက်(၁၈) နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်ပါ/မပါ လာရောက်ကြည့်နိုင်ရန် ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၁ရက်နေ့မှ ၁၄ ရက်နေ့ထိ နံနက်(၇)နာရီမှ ညနေ(၆)နာရီ အတွင်း အမှတ်(၃)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ဒုတိယအကြိမ်မဲဆန္ဒရှင်အမည်စာရင်းအား ကြေညာထားမည်ဖြစ်၍ အိမ်ထောင်စု (၁)စုလျှင်အသက်(၁၈)နှစ် ပြည့်ပြီးသူတစ်ဦး မှတ်ပုံတင်နှင့် တကွလာ ရောက်ကြည့်ရှုရန် အမှတ်(၃)ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
မိုးမိုးခိုင်၊ကလိန်အောင်(ပြန်/ဆက်)