တွံတေး အောက်တိုဘာ ၂
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပစဉ် လုံခြုံရေးတာဝန် များ အပြည့်အဝ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ခန့်အပ်ပြီး အထူးရဲတပ်ဖွဲ့ဝင် များအား သင်တန်းပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ ရှမ်းစုကျေးရွာ၊ တမံကြီးကျေးရွာ၊ ခတ္ထိယကျေးရွာများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်ဦးက အမှာစကားပြောကြားခဲ့ပြီး အထူးရဲတပ်ဖွဲ့ဝင်(၃၈၄)ဦး ကို တွံတေးမြို့နယ် ရှမ်းစုကျေးရွာ ဘောလုံးကွင်း၊ တမံကြီးကျေးရွာဘောလုံးကွင်းနှင့် ခတ္ထိယကျေးရွာ စင်္ကြာအောင် ဘုန်းတော်ကြီးကျောင်း နေရာ အသီးသီးတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်ဦးက အနီးကပ် ကြီးကြပ်ကွပ်ကဲလျက် အောက်တိုဘာ(၁)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် စစ်ရေး ပြ ဘာသာရပ် ဥပဒေနှင့်နည်းဥပဒေ၊ လက်စွဲများ၊ ကျင့်ဝတ်ဘာသာရပ်များကို ပို့ချသွားမည်ဖြစ် ကြောင်း သင်တန်းကာလမှာ အောက်တိုဘာ(၁)ရပ်နေ့မှ (၂၈)ရက်နေ့အထိ သင်တန်းပို့ချသွား မည်ဖြစ်ကြောင်း သိရှိရသည်။
မျိုးလှိုင်(တွံတေး)