မလှိုင်၊ အောက်တိုဘာ ၂
၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း များကို နောက်ဆုံးအကြိမ်ဖြစ် အောက်တိုဘာ(၁) ရက်နေ့မှ (၁၄) ရက်နေ့ထိ မလှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေး ရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင်(၁၄) ရက်တိတိ ကပ်ထားကြေညာထားမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်တင် နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယမန်နေ့ နံနက်က သွား ရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည် ။
အဆိုပါနေ့က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် မဲဆန္ဒရှင် စာရင်းလာရောက်ကြည့်ရှုသူများကို မိမိတို့အမည် မဲစာရင်းတွင်ပါဝင်ခြင်း ရှိ / မရှိ သေချာစိစစ်ရန် ၊ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်ခြင်း၊ မဲ စာရင်းပါ အချက်အလက်များ မှားယွင်း နေခြင်းများ ရှိပါက ပြန်လည် ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ပေးရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးများတွင် သတ်မှတ်ပုံစံများဖြင့် ပြန်လည် လျှောက်ထားနိုင်ကြောင်း ၊ မဲပေးရာတွင် လွယ်ကူစေရန် မိမိတို့၏ အမည်ပါ မဲစာရင်း နံပါတ်ကို မှတ်သားထားရမည် ဖြစ်ကြောင်း အသိပေးပြောကြားပြီး မဲစာရင်းကပ်ထားမှု များကို ကြည့် ရှု့စစ်ဆေးခဲ့ကြသည် ။
မလှိုင်မြို့နယ်တွင် မဲဆန္ဒနယ်မြေ(၁)၌ မဲရုံ(၁ဝ၄) ရုံ ၊ မဲဆန္ဒနယ်မြေ (၂ ) ၌ မဲရုံ( ၁ဝ၆ )ရုံ ၊ စုစုပေါင်း မဲရုံ(၂၁ဝ ) ထားရှိသွားမှာဖြစ်ပြီး နောက်ဆုံးအကြိမ် ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင်စာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း မှာ( ၁၁၈၃၃၂ ) ဦး ရှိကြောင်းသိရသည် ။
အောင်ဌေး(မလှိုင်)