ကျိုက်ဒုံ အောက်တိုဘာ ၂
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက အထူးရဲများရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပသည်။
အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ တိုက်နယ်ဆရာဝန်ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ဖြစ်ပွားမှုမရှိစေရေးအတွက် အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။
ထိုနောက် ကြာအင်းဆိပ်ကြီးမြို့နယ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးဒုရဲမှူးထိန်လင်းမှ အဖွင့်မိန့်ခွန်ပြောကြားခဲ့ပြီး သင်တန်းသား၂၇ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ အောက်တိုဘာ (၁)ရက်နေ့မှစ၍ အောက်တိုဘာ (၂၈)ရက်နေ့အထိသင်တန်းပို့ချသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းအား(၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးများဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီး အထူးရဲများရွေးကောက်ပွဲဆိုင်ရာ သင်တန်းကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)