ကျောက်မဲမြို့နယ်၌ မဲရုံလုံခြုံရေးအထူးရဲ သင်တန်းဖွင့်လှစ်

ကျောက်မဲ   အောက်တိုဘာ   

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မဲရုံလုံခြုံရေးအထူးရဲ သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ မြို့ကျက်သရေဆောင် ခန်းမတွင် ယမန်နေ့ နံနက် နာရီကကျင်းပခဲ့ရာ သင်တန်းသား ၄၄ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထက်စံက အဖွင့်အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲတွင်မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးခွင့်ရရှိစေရန်၊ လူ့အခွင့်အရေးဘာသာရပ်၊ ရဲကျင့်ဝတ်ဘာသာရပ်၊ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ လိုက်နာဆောင်ရွက်တတ်စေရန်ရည်ရွယ်ပြီး အထူးရဲသင်တန်း ဖွင့်လှစ်ပို့ချပေးရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူးရဲသင်တန်းကို အောက်တိုဘာ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရက်သတ္တပတ်  ပတ်ကြာ  စာတွေ့ လက်တွေ့များ သင်ကြားပေးသွားမည်ဖြစ်သည်။

ကျောက်မဲမြို့နယ် အတွင်းတွင် လျာထားမဲရုံ ၁၁၁ ရုံရှိပြီး မဲရုံတစ်ရုံလျင် အထူးရဲ တစ်ဦးနှုန်းဖြင့် မဲရုံ ၁၁၁ရုံအတွက် အထူးရဲတပ်ဖွဲ့ဝင် ၁၁၁ ဦးတို့ကို ကျောက်မဲမြို့နယ်အတွင်းရှိ မြို့မရဲစခန်း၊ မိုင်းငေါ့မြို့၊ မိုင်းလုံမြို့၊ ပုံဝိုးကျေးရွာအုပ်စု၊ နောင်ပိန်ကျေးရွာအုပ်စုရှိ နယ်မြေရဲစခန်း ခုတို့တွင် သက်ဆိုင်ရာနယ်မြေအလိုက် ခွဲ၍ သင်တန်းဖွင့်လှစ်ပို့ချပေးသွားမည် ဖြစ်ကြောင်း  သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)